စိုင်းထီးဆိုင်

စိုင်းထီးဆိုင်သည် မြန်မာပြည်တွင် ကျော်ကြားသော ရှမ်းလူမျိုး တေးရေးဆရာ၊ အဆိုတော်တစ်ဦးဖြစ်သည်။ သူ၏ ဂီတခရီးတစ်လျောက်လုံးတွင် ရှမ်းဘာသာဖြင့် သီဆိုသော တေးစု ၃ – ၄ ခု ခန့် နှင့် ဗမာဘာသာဖြင့်သီဆိုသော တေးစု တစ်ရာခန့် ထွက်ရှိခဲ့သည်။ သူသည် ကန်ထရီးဂီတကိုသာ အထူးအသားပေး ရေးသားခဲ့လေသည်။ စိုင်းထီးဆိုင်နှင့်အတူ တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်နှင့် သဘာဝရင်သွေးငယ် The Wild Ones တေးဂီတအဖွဲ့သည်လည်း မန္တလေးအခြေပြုပြီး နိုင်ငံကျော်ဖြစ်ခဲ့သည်။

စိုင်းထီးဆိုင်သည် မကျန်းမမာဖြစ်လာသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့်အူလမ်းကြောင်းဌာနတွင် တက်ရောက်ကုသခဲ့ရာမှ (၁၀၊၃၊၂၀၀၈) ရက်နေ့ နံနက် (၅:၄၅)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်သန်းစိုး၊ သားစိုင်းခိုင်ခမ်း၊ သမီးနန်းစံဟွမ်နှင့် နန်းယုခေါင်တို့ ကျန်ရစ်ခဲ့သည်။