မာရဇ္ဇ
မာရဇ္ဇကို အထက်မင်းလှ ဟု လူသိများသည့် မကွေးတိုင်း၊ မင်းလှမြို့တွင် အဖဦးသိန်းမြင့်၊ အမိဒေါ်ခင်နု တို့က မွေးဖွားခဲ့သည်။ မွေးချင်း ၂ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်အမည်မှာ သိန်းဇော် ဖြစ်သည်။ ငယ်ဘဝကို မင်းလှမြို့တွင်ပင် ဖြတ်သန်းခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိကာ တေးဂီတလောကထဲ စတင်ဝင်ရောက်ခဲ့သည်ပြီး ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး စာသားပါ ဆွဲအားသီချင်းကို လူအများက လက်ခံအားပေးခဲ့ကြသည်။
ကိုယ်ပိုင်သံစဉ် ရောခ့် သီချင်းများ ဖန်တီးခဲ့သူ အဆိုတော် မာရဇ္ဇ (ခေါ်) ဦးသိန်းဇော် သည် ကျောက်ကပ်ရောဂါဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၇ မိနစ် အချိန်တွင် ရန်ကုန်မြို့၊ ဗဟိုစည်ဆေးရုံ၌ ကွယ်လွန်သည်။မာရဇ္ဇ ၏ နောက်ဆုံးခရီး ဈာပနကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့၊ နေ့လယ် (၂) နာရီတွင် ရေဝေးသုသာန် ၌ ပြုလုပ်သည်။