ခင်မောင်တိုး

ခင်မောင်တိုး (၁၉၅၀ – ၂၀၁၂) သည် မြန်မာနိုင်ငံသား စတီရီယို ခေတ်ဦးအဆိုတော် တစ်ဦးဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် အောင်မြင်ကျော်ကြားသော အဆိုတော် တစ်ဦးဖြစ်သည်။ “ခုနှစ်နှစ် အလွန်” သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် “အကြိုက်ဆုံး မန္တလေး သီချင်းများ” တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ ” ခွန်အားဖြည့်ပါ မိငယ်” ဖြစ်သည်။

ပထမဆုံး တေးစီးရီး “ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်” မဖြန့်ချိခင်တွင် အချိန်ကပင် ဒေါ်ဝေဝေခိုင်နှင့် လက်ထပ်ခဲ့ပြီး မင်းမင်းဦး၊ အောင်ပန်းဦးနှင် သမီးငယ် ဝေနှင်းခိုင်ဆိုသည့် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အသည်းကင်ဆာ ရောဂါဖြင့် စင်ကာပူနိုင်ငံ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့သည်။၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စင်္ကာပူစံတော်ချိန်) (၈နာရီ ၂၀မိနစ်) အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သည်။